၁၇၊ ၁၂၊ ၂၀၁၁။
ဒီနေ့မှာ သူငယ်ချင်းများအားလုံး အခက်အခဲအနဲဆုံးနဲ့ ဆထက်တိုးပြီး နိုင်ငံတာဝန်များကို ထမ်းဆောင်နိုင် ကြပါစေလို့ ဦးစွာပထမ ဆုမွန်ကောင်း တောင်းရပါတယ် ။
ဒီဇင်ဘာ ၁၇ ကိုရောက်တိုင်း ဒီခံစားမှုလေးကို ခံစားရပါတယ် ။
စိတ်အားထန်သန်စွာနဲ့ ငါတို့တတွေ အပင်ပန်းခံ လေ့ကျင့်ခဲ့ပြီးကာမှ တကယ့်တကယ် ကျောင်းဆင်းပွဲ မနက်မှာအခက်အခဲနဲ့ စပြီးကြုံခဲ့ကြရပါတယ်၊ ညစာစားပွဲ ရောက်တော့လဲ အရင်ညတွေထက် ပိုအေးတဲ့ အအေးဒဏ်နဲ့ထပ်ကြုံခဲ့ကြရပါသေးတယ်၊ ဒါဟာ ငါတို့အတွက် ပထမဆုံးအနေနဲ့ ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ငါတို့အားလုံး အဲဒီအခက်အခဲတွေကို အောင်မြင်စွာနဲ့ ကျော်ဖြတ်ခဲ့ကြ တယ်ဆိုတာကို ဒီနေ့ထိ မေ့မရသေးပါဘူး ။
ကျောင်းတော်ကြီးမှာ ငါတို့တတွေ အတူတကွ ပညာနို့ရည် သောက်စို့ခဲ့ရတဲ့ နေ့ရက်တွေကို မမေ့ပါဘူး၊ ဘယ်လိုနေရာဒေသမျိုးမှာ ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်နေရပါစေ အမိတက္ကသိုလ်ကြီးကိုတော့ဖြင့် အစဉ်သတိရမိပါတယ်၊ ဒီနေ့မျိုးမှာ အမိတက္ကသိုလ်ကြီး အဓွန့်ရှည်ပါလို့ ဆုတောင်းပါတယ်၊ အမိတက္ကသိုလ်
ကြီးအနေနဲ့လဲ သူ့ရဲ့သားတွေကို ကြည့်ပြီး ပီတိတွေနဲ့ ပြုံးပျော်နေဦးမှာပါ ။
အခြေအနေအမျိုးမျိုးကြောင့် စောစီးစွာ လက်တွဲဖြုတ်သွားကြတဲ့ သူငယ်ချင်းတွေကိုလဲ သတိတရ အောက် မေ့ရပါတယ်၊ တရားသော စစ်ပွဲမှာ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါတွေ စွန့်လှူခဲ့ရတဲ့ သူငယ်ချင်းတွေအတွက်လဲ ဝမ်းနည်းရပါတယ်၊ ဒီနေ့မှာမင်းတို့တတွေ ကောင်းရာဘုံဘဝ ဘုံဌာနကို ရောက် ရှိနိုင်ကြပါစေကြောင်း ငါတို့အားလုံးကနေ ထပ်လောင်းပြီး
ဆုတောင်းရပါတယ် ။
နေရာဒေသအသီးသီးမှာ တာဝန်အသီးသီးကို ထမ်းဆောင်နေကြရတဲ့ညီအစ်ကိုသူငယ်ချင်းများအားလုံး လည်းပဲစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နိုင်ငံတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ကြပါစေကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောက်ရှောက်နိုင်ကြပါစေကြောင်းနောက်ဆုံးအနေနဲ့ ဆုတောင်း မေတ္တာ ပို့သ ရပါတယ်..။

ကြည်း-၄၀၀၄၂
ဗိုလ်ကြီး ထက်အောင်လင်း
ဗိုလ်ကြီး ထက်အောင်လင်း