0

ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် ယနေ့ တပ်မတော် ၏ အခန်းကဏ္ဍ

Political and Military
0

သို့ ... မြန်မာပြည်

သစ်ရွက်လေးတွေ ကြွေရင်

နင့်ကိုသတိရတယ်

တိမ်တွေငိုတဲ့အခါ

နင့်ကိုသတိရတယ်

ဆောင်းဝေတဲ့အခါတိုင်းလည်း
 
နင့်ကိုသတိရတယ်



ငါ့နှလုံးသား နင်နဲ့ ကြွေရတယ်

ငါ့နှလုံးသား နင့်ကြောင့် ငိုရတယ်

ငါ့နှလုံးသား နင့်အတွက် ဝေရတယ်



ဒါပေမယ့် ....

နင်ဟာ မွေးကင်းစခလေး

နင်ဟာ ပြောင်းလဲမလာဘူး

နင်ဟာ အမြဲတမ်းညည်းတွားနေတယ်

နင်ဟာ အမှီလိုက်နေတယ်

နင်ဟာ အတ္တ၀ါဒီရဲ့ သားကောင်

နင်ဟာ အဆုံးရှုံးခံသူ

နင်ဟာ ကြွယ်ဝချမ်းသာသူ


နင့်ကိုတစ်ခုလေးပဲ တောင်းဆိုပါရစေ

နင့်အလှတရားမှာ နစ်မျှောနေသူတွေကို

ဖြစ်နိုင်ရင် နင် တစ်ခုခုတော့ပြောပေးလိုက်ပါ

ဒါပေမယ့် ... ငါ့အတွက်တော့ မကြည့်ပါနဲ့



ငါကနင့်အတွက် ...

ကြွေမယ်ဆိုလည်း ရတယ်

ငိုမယ်ဆိုလည်း ဖြစ်တယ်

ဝေမယ်ဆိုလည်း အဆင်သင့်ရှိနေသူပါ

တစ်ကယ်တော့ ….

ငါသိနေတဲ့ ငါ့ဘ၀က နင့်အတွက်တော့

ဝေလည်းမွှေးကြွေလည်းမွှေး ပါပဲ
                                                                              ရွှေလုလင် (မြန်မာမွန်စွယ်စုံ)
Related Posts Plugin for WordPress, Blogger...