2

ကျောင်းဆင်း (၇)နှစ်ပြည့်မြောက်အထိမ်းအမှတ် ဆုတောင်း

၁၇၊ ၁၂၊ ၂၀၁၁။

ဒီနေ့မှာ သူငယ်ချင်းများအားလုံး အခက်အခဲအနဲဆုံးနဲ့ ဆထက်တိုးပြီး နိုင်ငံတာဝန်များကို ထမ်းဆောင်နိုင် ကြပါစေလို့  ဦးစွာပထမ  ဆုမွန်ကောင်း တောင်းရပါတယ် ။

ဒီဇင်ဘာ ၁၇ ကိုရောက်တိုင်း ဒီခံစားမှုလေးကို ခံစားရပါတယ် ။

စိတ်အားထန်သန်စွာနဲ့ ငါတို့တတွေ အပင်ပန်းခံ လေ့ကျင့်ခဲ့ပြီးကာမှ တကယ့်တကယ် ကျောင်းဆင်းပွဲ မနက်မှာအခက်အခဲနဲ့ စပြီးကြုံခဲ့ကြရပါတယ်၊ ညစာစားပွဲ ရောက်တော့လဲ အရင်ညတွေထက် ပိုအေးတဲ့ အအေးဒဏ်နဲ့ထပ်ကြုံခဲ့ကြရပါသေးတယ်၊ ဒါဟာ ငါတို့အတွက် ပထမဆုံးအနေနဲ့ ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ငါတို့အားလုံး အဲဒီအခက်အခဲတွေကို အောင်မြင်စွာနဲ့  ကျော်ဖြတ်ခဲ့ကြ တယ်ဆိုတာကို ဒီနေ့ထိ မေ့မရသေးပါဘူး ။

ကျောင်းတော်ကြီးမှာ ငါတို့တတွေ အတူတကွ ပညာနို့ရည် သောက်စို့ခဲ့ရတဲ့ နေ့ရက်တွေကို မမေ့ပါဘူး၊ ဘယ်လိုနေရာဒေသမျိုးမှာ ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်နေရပါစေ အမိတက္ကသိုလ်ကြီးကိုတော့ဖြင့် အစဉ်သတိရမိပါတယ်၊ ဒီနေ့မျိုးမှာ အမိတက္ကသိုလ်ကြီး အဓွန့်ရှည်ပါလို့ ဆုတောင်းပါတယ်၊ အမိတက္ကသိုလ်
ကြီးအနေနဲ့လဲ သူ့ရဲ့သားတွေကို ကြည့်ပြီး ပီတိတွေနဲ့ ပြုံးပျော်နေဦးမှာပါ ။

အခြေအနေအမျိုးမျိုးကြောင့် စောစီးစွာ လက်တွဲဖြုတ်သွားကြတဲ့ သူငယ်ချင်းတွေကိုလဲ သတိတရ အောက် မေ့ရပါတယ်၊ တရားသော စစ်ပွဲမှာ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါတွေ စွန့်လှူခဲ့ရတဲ့ သူငယ်ချင်းတွေအတွက်လဲ ဝမ်းနည်းရပါတယ်၊ ဒီနေ့မှာမင်းတို့တတွေ ကောင်းရာဘုံဘဝ ဘုံဌာနကို ရောက် ရှိနိုင်ကြပါစေကြောင်း ငါတို့အားလုံးကနေ ထပ်လောင်းပြီး
 ဆုတောင်းရပါတယ် ။

နေရာဒေသအသီးသီးမှာ တာဝန်အသီးသီးကို ထမ်းဆောင်နေကြရတဲ့ညီအစ်ကိုသူငယ်ချင်းများအားလုံး လည်းပဲစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နိုင်ငံတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ကြပါစေကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောက်ရှောက်နိုင်ကြပါစေကြောင်းနောက်ဆုံးအနေနဲ့  ဆုတောင်း မေတ္တာ ပို့သ ရပါတယ်..။
   
ကြည်း-၄၀၀၄၂
  ဗိုလ်ကြီး ထက်အောင်လင်း
0

To all our dear friends !!!!


"The only hope you have is to accept the fact that you're already dead. The sooner you accept that, the sooner you'll be able to function as a soldier is supposed to function: without mercy, without compassion, without remorse. All war depends upon it." (For 47 intake 7 year anniversary ) Bc-40021 Capt-Hein Thu Aung
0

အမေ့ဆီသို့



သူတို့က ခုမှပါ အမေရယ်..
သားက သန္ဓေတည်ကတည်းက အမေ့ကိုချစ်တာ
အမေ့ဗိုက်ထဲမှာ လက်သီးလေး ဆုပ်တတ်ဖို့
အမေ့အူနံရံတွေကို ကုတ်ခြစ်ခဲ့ဖူးတယ်
သားချစ်လို့ပါ။
သူတို့က  ခုမှပါအမေရယ်..
သားက အမေဆင်းရဲကတည်းက ဒိုးတူဘောင်ဖက်
ချွေတာတတ်ဖို့ ရက်ရက်စက်စက်ပြောကြတဲ့
ဒေါက်တစ်ဖက်စာ လစာလေးကို
အမေ့စီးပွါးရေးအတွက် ချွေးစက်တွေရင်းခဲ့တယ်။
သားချစ်လို့ပါ။
သူတို့က ခုမှပါ အမေရယ်..
သားက အမေကာကွယ်မဲ့ချိန်တည်းက အမေ့အတွက်
မားမားမက်မက်ရပ်လို့ တစ်ချို့ပြောကြတဲ့
လူသတ်လက်နက်ကို တရားသဖြင့်ဖက်ခဲ့တယ်
သားချစ်လို့ပါ။
သူတို့က ခုမှပါအမေရယ်..
သားက အမေ့ဘက်ကို လက်ညှိုးပေါင်းများစွာလှည့်ကြတည်းက
အမေ့အတွက်ခံရခက်လို့ ကလောင်တစ်ခုနဲ့
အပြုသဘောတွေ ဗြောင်ပဲ ပြုခဲ့တယ်။
သားချစ်လို့ပါ။
သူတို့က ခုမှပါအမေရယ်..
သားက ကျောပူမှဝမ်းအေးခဲ့တဲ့ အမေနဲ့သားတို့ဘ၀တွေ
ငြိမ်းချမ်းရာလေး ရရှိဖို့ အမေ့ရင်ကိုလဲ ခွဲခါခဲ့ရတယ်
ပြန်လာခဲ့မယ် အမေ
သားချစ်လို့ပါ။
(၇ နှစ်မြောက် ကျောင်းဆင်းနှစ်ပတ်လည်နေ့အတွက် အမှတ်တရ။
အမေဟူသော နာမ်စားသည် အမိမြန်မာနိုင်ငံတော်ကို ရည်ညွှန်းပါသည်)
ကြည်း- ၄၀၆၂၁
ဗက- ထက်မင်းဖြိုး
0

ကျန်ရှိသည့် ဘဝခရီး

ဘဝဟူသည် အလွန်ခက်ခဲပင်ပန်းသော ပြိုင်ပွဲတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
ဘဝကို ရုန်းကန်မှုဟူ၍ ကျွန်တော်အမည်တပ်ချင်သည်။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ကပင် ဖခင်ဆိုသူကို မြင်တွေ့ခွင့်မရခဲ့၊ ကျွန်တော် (၁) နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာမှာ ကျွန်တော့်အတွက်တော့ ခက်ခဲကြမ်းတမ်းသောလမ်းကို ဖိနပ်မပါပဲ လျှောက်လှမ်းရသည်နှင့် ပမာတူသည်။ ဓါတ်ပုံထဲမှ ဖခင်၏ရုပ်ပုံလွှာများကို တဝကြည့်၍ စကားတွေအများကြီးပြောခဲ့ဖူးသည်။ ဖခင် မေတ္တာဟူသည် ကျွန်တော့်အတွက်တော့ အလွန်တရာထူးဆန်းလှသည့် ဆုလဒ်တစ်ခုပင်ဖြစ်ခဲ့သည်။ သို့သော် ထိုဆုလဒ်မျိုး ကျွန်တော့်ဘဝတွင် ပိုင်ဆိုင်ခွင့်မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော ဖခင်မေတ္တာသည် အစားထိုး၍ မရနိုင်သည့် တစ်ခုတည်းသော ဖြစ်တည်မှုဖြစ်သောကြောင့်ပင် ဖြစ်သည်။
ငယ်စဉ်ကပင် ကျွန်တော် ဘဝကို ရုန်းကန်ခဲ့ရပါသည်။ ရုန်းကန်ရင်းနှင့်ပင် ကျွန်တော်အလဲလဲအကွဲကွဲ ဖြစ်ဖူးသည်။ လူတိုင်းပင် ထိုကဲ့သို့ဖြစ်ဖူးကြလိမ့်မည်ထင်သည်။ ပြေးရင်းလွှားရင်း မတော်တဆ ချှော်လဲခဲ့လျှင်ပြန်၍ ထတတ်သည့် အကျင့်မှာ ငယ်စဉ်ကလေးဘဝက ရရှိခဲ့သော ဘဝကိုရင်ဆိုင်ရမည့် ပုံသေနည်းဖြစ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မထင်။ “လဲရင်ပြန်ထ အဲဒါဘဝ” ဟူသော ဆောင်ပုဒ်တစ်ခုကို ကျွန်တော်လက်ကိုင်ထားသည်။ အလကားနေရင်းတော့ မလဲနိုင်၊ ပြေးသွားမိလျှင်သော်လည်းကောင်း၊ ခက်ခဲသောလမ်းကို လျှောက်မိလျှင်သော်လည်းကောင်း အခန့်မသင့်ပါက လဲနိုင်သည်။ သို့ရာတွင် လဲသည့်နေရာမှ ချက်ချင်းပြန်ထနိုင်မှသာလျှင် ရှေ့ဆက်လျှောက်ရမည့် လမ်းခရီး သာယာ နိုင်ပေမည်။
အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် မိမိထင်တာထားသည်ထက်ပို၍ အောင်မြင်မှုရနိုင်သည်။ စိတ်လှုပ်ရှားစွာစွန့်စားရသော လုပ်ငန်းသည် မိမိ၏ဘဝကို တစ်ဖြစ်လဲပြောင်းလဲစေနိုင်သည်၊ စွန့်စားလို စိတ်ကို အမြဲတမ်းရှင်သန်စေနိုင်သည်၊ အောင်မြင်မှုကိုပေးနိုင်သည်၊ ဘဝသစ်ကိုဖန်တီးနိုင်သည်၊ ထိုအရာ များအားလုံးသည် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်းဖြင့်ရရှိနိုင်သော အရာများဖြစ်လေသည်။
ဘဝသစ်တစ်ခု ဖန်တီးရန်အတွက် ရွေးချယ်မှုပြုလုပ်ရမည်။ လူ့ဘဝတစ်သက်တာတွင် ဘာနဲ့ အသက်မွေးဝမ်းကျောင်းပြုမလဲဆိုသည့် ရွေးချယ်မှုသည် အဓိကကျ၍ အရေးလဲကြီးသည်။ စင်စစ်မည်သူမဆို မိမိစိတ်ဝင်စားသောအလုပ်၊ သို့တည်းမဟုတ် လက်ရှိမိမိဘဝအခြေအနေအရ ရွေးချယ်နိုင်သမျှထဲမှ အကောင်းဆုံးအလုပ်ကို တကယ်စိတ်အားထက်သန်စွာလုပ်ကိုင်မည် ဆိုပါက ထိုလုပ်ငန်းနယ်ပယ်တွင် အောင်မြင်သည့် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်ပေသည်။
ကျွန်တော်ရွေးချယ်မှုတစ်ခုပြုခဲ့သည်။ ထိုအလုပ်သည် ခက်ခဲမည်၊ ပင်ပန်းဆင်းရဲမည်ဟူ၍ အကြမ်းဖျင်းယူဆထားခဲ့မိသည်။ သို့ရာတွင် တကယ်တမ်း ရွေးချယ်လုပ်ကိုင်သည့်အခါမှ ထိုအသက် မွေးဝမ်းကျောင်းအလုပ်သည် မည်မျှခက်ခဲသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။ စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘဝသည် ကျွန်တော်၏လှိုင်းထနေသည့်စိတ်ဓါတ်များကို အနှယ်ထိုင်စေခဲ့သည်။ ခက်ခဲပင်ပန်းသည့် စစ်ရေးပြ၊ စစ်ဗျူဟာ၊ လက်နက်ငယ် စသည့် စစ်ပညာဘာသာရပ်များသင်ကြားရာတွင် မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် လိုက်ပါလုပ်ဆောင်ခဲ့ရသည်။ မိမိရွေးချယ်ခဲ့သည့်ဤလမ်းခရီးကို အဆုံးထိ တိုင်အောင်လျှောက်လှမ်းမည်ဟု သံဓိဌာန်တစ်ခု သေချာစွာချမှတ်ထားခဲ့သည်။
          သံယောဇဉ်ဟူသည် ဖြစ်တည်ပြီးလျှင် ဖြတ်တောက်ရန်အလွန်ခက်ခဲသော သဘောရှိသည်။ အရပ်သားဘဝတွင်ရှိခဲ့သော သံယောဇဉ်အမျှင်အတန်းအားလုံးကို ဖြတ်တောက်၍ စစ်တက္ကသိုလ် ကျောင်းပေါက်ဝတွင် ချိတ်ဆွဲ၍ထားခဲ့ရသည်။
          စစ်တက္ကသိုလ်မှသင်ကြား လေ့ကျင့်ပေးသည့် စစ်ပညာဘာသာရပ်များသည် ခြေလျှင်တပ်စုမှူးတစ်ယောက်အဖြစ်၊ လက်တွေ့ဘဝနယ်ပယ်​၌ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ နည်းပြအရာရှိများ၊ နည်းပြဆရာများ ကျွေးသော မသေဆေးများကို ကြိမ်ဖန်များစွာ စားသုံးခဲ့ရသည်။ မြိုချခဲ့ရသည်။ ထွေးထုတ်၍မရ၊ ထိုမှတစ်ဆင့် ကျောင်းဆင်းအရာရှိငယ်ဖြစ် သင်ယူလေ့လာစရာရှိသည်များကို ဆက်လက်လေ့လာဆည်းပူးရသည်။ ပညာဟူသည် ရရှိခြင်းမဟုတ်၊ ရယူခြင်းပင်ဖြစ်သည်။ အမြဲတစေ ရယူနေရမည့်အရာဖြစ်သည်။
          စစ်တက္ကသိုလ်မှ စည်းကမ်း၊ စိတ်ဓါတ်၊ အမိန့်နာခံတတ်မှု စသည့် အရည်အချင်းနှင့် အရည်အသွေးများကို တစ်ပြိုင်နက်တည်း သင်ကြားပေးခဲ့သည်။ စာပေဖတ်ရှု့ခြင်းဝါသနာသည်ပင်လျှင် စစ်တက္ကသိုလ်မှ ရရှိခဲ့သည့် အဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်ခဲ့သည်။ စာဖတ်ခြင်းဖြင့် အသိပညာပြည့်ဝ စေနိုင်သည် မဟုတ်လော ။
          နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေရမှုများသည် ဘဝ၏ခက်ခဲသော လမ်းများကို ဖြတ်သန်းနေရသကဲ့သို့ ရှိလှသည်။ အခက်အခဲပြဿနာနှင့်ရင်ဆိုင်ရလျှင် ခေါင်းဆောင်သည် မိမိကိုယ်ကိုအားကိုးရမည်ဟူသော အလေ့အကျင့်မျိုး စစ်တက္ကသိုလ်မှ သင်ကြားပေးခဲ့သည်။ လူငယ်ပင် ဖြစ်သော်ငြား ကျွန်တော်သည် အတော်အသင့် စိတ်တည်ငြိမ်ရင့်ကျတ်ခဲ့ရသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော စိတ်တည်ငြိမ်ရင့်ကျတ်ခြင်းသည် ရေရှည်ရည်မှန်းချက်အောင်မြင်မှုအတွက် လတ်တလောအလိုဆန္ဒများကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းဟု လည်းဆိုနိုင်ပေသည်။ စိတ်လှုပ်ရှားမှုများ၊ လတ်တလောဆန္ဒများကို ထိန်းချုပ်၍၊ ကိုယ်ပိုင်စည်းကမ်းကို တိကျစွာလိုက်နာရန်၊ လူအများကို ဦးစီးခေါင်းဆောင်နိုင်ရန်အတွက်ပင် ရင့်ကျတ်ခဲ့ရ သည်ဟု ဆိုချင်ပေသည်။
          စစ်တက္ကသိုလ်သို့ တက်ရောက်၍ ဗိုလ်လောင်းဘဝ(၃)နှစ်တာ ပညာသင်ယူရခြင်းသည် ကျွန်တော့်ဘဝအတွက် အလွန်တရာအကျိုးရှိလှသော ဘဝသစ်ဟုဆိုချင်သည်။ မည်မျှခက်ခဲပင်ပန်းသော ခရီးပင်ဖြစ်ပါစေ၊ ခရီးဆုံးလျှင်သော မည်သူမဆို ပြုံးရယ်နိုင်ကြပေလိမ့်မည်။
          ကျွန်တော်ပိုင်ဆိုင်သည့် တစ်ခုတည်းသောဘဝကို ကျွန်တော်ဖန်တီးခဲ့လေပြီ၊ ထိုဘဝကို ဆက်လက်၍ တည်ဆောက်သွားရပေလိမ့်ဦးမည်။ မည်သို့ပင် ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းဖြစ်ပါစေ၊ ကျွန်တော့်ဘဝကို အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးသွားချင်သေးသည်။ ကျွန်တော့်အတွက် အခွင့်အရေးများ နောက်မကျ သေးဟုထင်ပါသည်။ “အခွင့်အရေးဟူသည် ဖမ်းမိလျှင်အဆပွား၏” ဟူသော ဇွန်ဆူး၏ စကားအတိုင်း အဆပွားရပေဦးမည်။ မိမိကိုယ်ကိုအဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပေဦးမည်။ ထိုမှသာ လောကသည် ကျွန်တော်တို့အားမျက်နှာသာပေးပေလိမ့်မည်။
          ကျောင်းနေစဉ်ငယ်စဉ်ဘဝ၊ စစ်တက္ကသိုလ်တွင်ပညာသင်ရသော ဗိုလ်လောင်းဘဝများတွင် စတင်၍ စိုက်ပျိုးခဲ့ရသော အသိပညာဟူသည့် သစ်ပင်ကြီးကြောင့် ယခုအခါ အရိပ်ခိုနိုင်ပေပြီ၊ ထိုအပင်ကိုစိုက်ပျိုးရာ တွင် ဒုက္ခခံခဲ့ရသည့်တိုင် အကျိုးကျေးဇူးအလွန်းကြီးမားကြောင်း သိခဲ့ရလေပြီ။ ပညာ၏အမြစ်များသည် ခါး၏ဟုဆိုသော်လည်း အသီးကိုစားသုံးကြည့်မှ အလွန်ချိုကြောင်း သိခဲ့ရလေသည်။
          ထို့ကြောင့် ယနေ့ကျွန်တော်၏ ချိုမြိန်သောအသီးရှိသည့် သစ်ပင်ကြီး ဆက်လက် ရှင်သန်နိုင်ရန် ကြိုးစားရပေဦးမည်။ ကြိုးထုံးများကိုဖြေ၍ ဆိပ်ကမ်းမှ ရွှက်လွင့်ရပေဦးမည်။ ကုန်သည်လေကြောင်းအတိုင်း ရွှက်လွင့်ပြီး စူးစမ်းရပေဦးမည်။
          အိပ်မက် မက်ရပေဦးမည်။
          ထိုအိပ်မက်ကို အကောင်အထည်ဖော်ရပေဦးမည် ။

                                                                                                တင့်ထူးရွှေ
                                                                                                                                                                    (၂၀၀၆၊ သြဂုတ်လ၊ စစ်တက္ကသိုလ် နှစ်ပါတ်လည်မဂ္ဂဇင်း)
0

နိုင်ငံရေး၊ နိုင်ငံတကာရေးရာ နှင့် ယနေ့ တပ်မတော်


"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»
1 မှတ်ချက်

နျူကလီးယား=ယူရေနီယမ် ( Uranium )



ယူရေနီယမ်
( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယမ်ကို ၁၇၈၉-ခုနှစ် ၊ဂျာမန် ဓာတုပညာရှင် Martin Heinrich Klaproth က ရှာဖွေ တွေ့ရှိခဲ့ပြီး ၊ယူရေးနပ်ဂြိုလ်ကို အစွဲပြုကာ ယူရေနီယမ်ဟု အမည်ပေးခဲ့သည်။ ယူရေနီယမ်ကို ၁၉-ရာစုနှစ်ထိ ရေဒီယိုသတ္တကြွ သတ္တုအဖြစ် မသိရှိခဲ့ကြပေ။ ၁၈၉၆ခုနှစ်တွင် ပြင်သစ် ရူပပညာရှင် Antoine Henri Becquerel ကယူရေနီယမ်နှင့် ထိတွေ့ထားတဲ့ ပလိပ်ပြားများမှ မမြင်နိုင်သော ရောင်ခြည်များ ထုတ်လွှင့်ခြင်းကို သိရှိခဲ့ရာမှ ၊ယူရေနီယမ် သည် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။




၁၉၃၄-ခုနှစ်တွင် အမေရိကန် သိပ္ပံပညာရှင် Enrico Fermi ခေါင်းဆောင်ပြီး နျူကလီးယားစွမ်းအင် စက်ရုံတွင် ယူရေနီယမ်ကို လောင်စာအဖြစ် အသုံးပြုခဲ့ပြီး၊ ယူရေနီယမ် နျူကလိယက်စ် ပြိုကွဲရာမှ စွမ်းအင်ထွတ်ပေါ်လာမှု့ကို သိရှိပြီးနောက် နျူလက်နက် ကိုစမ်းသပ် လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဟီရိုရှီးမားနှင့် နာဂါစကီမြို့ နျူကလီးယားဗုံးကြဲ ခံရခြင်းတွင် နျူကလီးယားစွမ်းပကားကို တွေ့မြင်ခဲ့ကြရသည်။ ယူရေနီယမ်သည် စက်မှု့စွမ်းအားအတွတ် အဓိကပင်မ အရင်းအမြစ် ဖြစ်လာတာနဲ့အမျှ ၁၉၅၄-ခုနှစ်တွင် အမေရိကန်တို့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စမ်းသပ်ရေချနိုင်ခဲ့သည်။ သက္ကရာဇ် 2000ပြည့်နှစ်တွင် တကမ္ဘာလုံး လျှပ်စစ်စွမ်းအင် ၄၀% ကို နျူကလီးယား ဓာတ်ပေါင်းဖို ( Nuclear Reactors ) များမှ ရရှိသည်။ ထို့ကြောင့် ၂၁ရာစုတွင် နျူစွမ်းအင်သည် စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် ၊ဓာတ်ပေါင်းဖိုများမှ လျှပ်စစ်စွမ်းအင် ရရှိရန် အရေးပါလာသည်မဟုတ် သုတေဿန ပြုလုပ်ဆောင်ရွက်ချက်များ ၊နှင့်ဆေးပညာဆိုင်ရာ လုပ်ငန်းများတွင်ပါ စမ်းသပ်လုပ်ဆောင် လာကြသည်။ နျူစွမ်းအင်သည် လူသားတို့အတွတ် အကျိုးပြု သည်မဟုတ် ၊နျူကလီးယားဗုံး ပေါက်ကွဲရာမှ ထွတ်လာသော ရောင်ခြည်များ၊ နျူဓာတ်ပေါင်းဖိုများမှ ထွတ်လာသော စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရန် ၊နျူဓာတ်ပေါင်းဖိုများနှင့် နျူစမ်းသပ် လုပ်ဆောင်သော လုပ်သားများ အနေဖြင့် အန္တာရာယ် ရှိလှသည်။

Uranium Ore


Uranium Ore


ယူရေနီယမ် သတ္တုကို သမုဒ္ဒရာကြမ်းပြင်များ ၊ကျောက်တောင် များနှင့် မြေထုထဲတွင် တွေ့ရှိ ရသည်။ ယူရေနီယမ်သည် ကမ္ဘာ့မြေသား တစ်သန်းပုံ နှစ်ပုံခန့်သာ တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် ယူရေနီယမ်ကို သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ ရုရှား၊ ဥဇဘက်ကစ္စတန် နိုင်ငံများတွင် အဓိကတွေ့ရသည်။ သဘာဝတွင် သန့်စင်သော ယူရေနီယမ် ကို သီးသန့်မတွေ့ရှိရပဲ အောက်ဆိုက် များအနေနဲ့ဖြင့် Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) အနေဖြင့် တွေ့ရသည်။

သဘာဝတွင် ယူရေနီယမ် အိုက်ဆိုတုပ် အမျိုးအစားသုံးမျိုးကို ပါဝင်ကိန်း အားဖြင့် 238U-99.284% ,235U-0.711% နှင့် 234U-0.0058% တွေ့ရ သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများ အတွတ် 235U 3-5% နှင့် နျူကလီးယား လက်နက်များထုတ်ရန် 235U 90% သန့်စင်ရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ယူရေနီယမ် အိုက်ဆိုတုပ် - ၂၃၅ ( 235U ) သည်သာ fission reaction ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ Fission reaction ဆိုသည်မှာ ယူရေနီယမ် အက်တမ်များကို နျူထရွန်နှင့် ဆက်တိုက် ဆက်ခါ ခွဲစိတ်တဲ့အခါ အပူစွမ်းအင် ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝတွင် 235U ကို ပမာဏ အနည်းငယ် ( 0.7% ) သာတွေ့ရတာကြောင့် ပေါများအောင် ( Enrichment ) လုပ်ပေးရသည်။ Fission reaction မဖြစ်နိုင်သော 238U အိုက်ဆိုတုပ်ကို Fertile material ဟုခေါ်ပြီး fission reaction ဖြစ်နိုင်အောင် ၄င်းအိုက်ဆိုတုပ်ကို 239Pu အဖြစ်ပြောင်းယူရသည်။ ယူရေနီယမ်သတ္တုရဲ့ သက်တမ်းဝက် (Half-life)သည် 4.5 ဘီလီယမ်နှစ် ကြာမြင့်သည်။ သက်တမ်းဝက် (Half-life) ဆိုသည်မှာ မူလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ယူရေနီယမ် ၁၀၀ ဂရမ် ရှိသည် ဆိုပါဆို့။ နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် အချိန်ကြာမြင့်လျှင် ၅၀ ဂရမ်သာ ကျန်ရှိပေလိမ့်မည်။ နောက်နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် ကြာမြင့်လျှင် ၂၅ ဂရမ်သာ ကျန်ရှိပေတော့မည်။

Type of Radiation


ရေဒီယိုသတ္တိကြွခြင်း ( Radioactivity ) ဆိုသည်မှာ မတည်မြဲသော နျူးကလိယက်စ်မှ အယ်လ်ဖာရောင်ခြည် ( Alpha Ray ) ၊ဘီတာရောင်ခြည် ( Beta Ray ) ၊နှင့် ဂမ်မာရောင်ခြည် ( Gamma Ray ) များ ထွတ်လွှတ်နေခြင်းသာ ဖြစ်သည်။ အယ်ဖာရောင်ခြည် (α-ray) သည် ဟီလီယမ် (4He2) အက်တမ်၏ နျူးကလိယက်နှင့် ဆင်တူပြီး အပေါင်းဓာတ် ( Positive Charge ) ဆောင်သည်။ အယ်လ်ဖာရောင်ခြည်သည် အရေပြား ၊စက္ကူစသည် ဖောက်ထွင်းမသွားနိုင်ပေ။ ဘီတာရောင်ခြည် (β-ray) သည် မှန်၊ သတ္တုပြားစသည် မဖောက်ထွင်းနိုင်။ ဂမ်မာရောင်ခြည် (γ-ray) သည် ဖောက်ထွင်မှု့ အကောင်းဆုံးရောင်ခြည် ဖြစ်သည်။ ဂမ်မာရောင်ခြည်ကို ခဲတုံး ( Lead - ဓာတုသင်္ကေတ Pb ) ဖြင့်ဖောက်ထွင်းနိုင်မှု့ကို နည်းအောင် ပြုလုပ်နိုင်သည်။ နျူထရွန် ( neutron ,n0 )ကို သဘာဝအတိုင်း မတွေ့နိုင်။



တူးယူရရှိလာတဲ့ Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) ယူရေနီယမ် ပါဝင်တဲ့သတ္တုရိုင်းများကို အမှုန့်ကြိတ်ပြီး၊ အ၀ါရောင် ယူရေနီယမ်အောက်ဆိုက် ( Na2U2O7.6H2O ) ခေါ် Yellow Cake ရအောင် အဆင့်ဆင့် ပြုလုပ်ရယူသည်။

Yellow Cake


Yellow Cake တွင် အလေးချိန် အားဖြင့် ထရိုင် ယူရေနီယမ် အောက်တာ အောက်ဆိုက် U3O8 70-90% ၊ ယူရေနီယမ် ဒိုင်အောက်ဆိုက်
UO2 နှင့် ယူရေနီယမ် ထရိုင်အောက်ဆိုက် UO3 တို့ပါဝင်သည်။ Yellow Cake မှသန့်စင်တဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3 ) ကိုခွဲထုတ်ယူရသည်။


ထို့နောက် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များအတွတ် အသုံးပြုရန် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ (235U ) ပေါများအောင် ပြုလုပ်ယူရသည်။ သဘာဝတွင် 235U 0.7% သာပါဝင်သည်။ ရရှိလာတဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3) မှ ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ ( 235U ) ခွဲထုတ်ရန် ယူရေနီယမ် ဟက်ဆာဖလိုရိုက် ( UF6 ) အဖြစ် ပြုလုပ်ရယူသည်။

ရရှိလာတဲ့ ယူရေနီယမ် ဟက်ဆာဖလိုရိုက်တွင် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ မှာ 0.7% သာပါဝင်သောကြောင့် နျူဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် သုံးရန် 235U အိုက်ဆိုတုပ်ကို Centrifugal Method သို့မဟုတ် Gaseous diffusion Method တို့ဖြင့် ပေါများအောင် ( Enrichment ) လုပ်ယူရသည်။ ထို့နောက် ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို ယူရေနီယမ် ဒိုင်အောက်ဆိုက် ( UO2 ) အဖြစ် ပြောင်းလဲလိုက် သောအခါ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များတွင် လောင်စာအဖြစ်သုံးရန်အသင့်ရရှိသည်။

Simple Centrifugal Mechine


Centrifugal Method နည်း သည် 235U ပေါကြွယ်ဝစေရန် အသုံးများသော နည်းလမ်း ဖြစ်သည်။ ဒီနည်းတွင် အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ 238U အိုင်ဆိုတုပ်သည် ပြွန်အောက်ခြေ တွင်စုပြီး ၊ ပေါ့တဲ့ 235U ကို သီးသန့်ထုတ်ယူသည်။ သည်နည်းအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်ယူရသည်။ ဒီလိုထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။






Gaseous Diffusion Method


Gaseous diffusion နည်းတွင် ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ် ဓာတ်ငွေ့သည် အမှေးပါးတခုကို ဖြတ်သန်းလိုက်သောအခါ ပိုပေါ့တဲ့ 235U ကို ဖိအားအနည်းငယ်ဖြင့် ခွဲထုတ်ရယူသည်။ ဗဟိုခွာအား နည်းလိုပဲ ဒီနည်းတွင်လည်း သန့်စင်သော 235U အိုက်ဆိုတုပ် ပမာဏ တိုးပွားလာအောင် အမှေးပါးဖြတ်ခြင်းကို ထပ်တလဲလဲ လုပ်ယူသည်။






Sample Nuclear Reactor

235U + n0 = 140Ba + 96Kr + 23 n0 + 200 MeV (Thermal energy)



နျူကလီးယားဓာတ်ပေါင်းဖို ( Nuclear Reactors ) များတွင် 235U ကို Fission reaction ဖြစ်စေသောအခါ ထွတ်လာသော အပူစွမ်းအင် ( Thermal energy ) ဖြင့် ရေကို အငွေ့ပျံစေသောအခါ ထွတ်ပေါ်လာသော ရေနွေးငွေ့များဖြင့် တာဘိုင် ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ရရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ 17% ကို နျူကလီးယားစက်ရုံများ မှရရှိသည်။ ၂၃၅ ဂရမ် 235U ပြိုကွဲခြင်းမှ ထွတ်လာတဲ့ စွမ်းအင်ပမာဏသည် လူငါးသန်းနေထိုင်ရာ မြို့တစ်မြို့ကို ညလုံးပေါက် မီးအလင်းပေးနိုင်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွင် 235U ကို နျူထရွန်ဖြင့် ရိုက်သောအခါ fission reaction ဖြစ်ပေါ်ပြီး နျူထရွန်အပိုများ နှင် အပူစွမ်းအင် ထွတ်လာသည်။ ထွတ်လာသော နျူထရွန်အပိုများနှင့်235U အိုက်ဆိုတုပ်များ ကွင်းဆက် တုံပြန်မှု့ Chain reaction ဖြစ်စေသည်။ ကွင်းဆက်တုန့်ပြန်ခြင်းတွင် နျူထရွန်များ ဆပွားတိုးလာခြင်း နှင့်အပူစွမ်းအင်ကို ထိန်းချုပ်ရန်လိုသည်။ မထိန်းချုပ်နိုင်က ဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်သည်။ အစွမ်းထက်သော နျူထရွန် စုပ်ယူပစည်းများအဖြစ် ဘိုရွန် (boron) သို့မဟုတ် ကတ်မီယမ် (cadmium) သတ္တုများကို ထိန်းချုပ်ချောင်းများ အဖြစ် ဓာတ်ပေါင်းဖိုများ မပေါက်ကွဲစေရန် သုံးသည်။ အချို့ ဓာတ်ပေါင်းဖိုများတွင် နျူထရွန်နှေးစေသော အရာများအဖြစ် heavy water (2H2O) သို့မဟုတ် graphite ကိုအသုံးပြုသည်။ ရေကို လှည့်ပတ်စေခြင်းဖြင့် ဓာတ်ပေါင်းဖိုကို အပူနည်းစေပြီး ပေါက်ကွဲခြင်းမှ ကာကွယ်နိုင်သည်။


Chain Reaction


Fissile Materials

Fissile materials ( 235U ,239Pu ,233U )များသည် နျူထရွန် နဲ့ပေါင်းပြီး ဆက်တိုက် ကွင်းဆက် ဓာတ်ပြုဖြင်း ( Chain reaction ) fission reaction ဖြစ်စေ နိုင်သော အရာများဖြစ်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူလက်နက် များတွင် အသင့် အသုံးပြုနိုင်သည်။

235U + n0 = 140Ba + 96Kr + 23 n0 + 200 MeV (Thermal energy)


Fertile Materials

Fertile materials ( 238U ,232Th ) များသည် နျူကလီးယား ဓာတ်ပေါင်းဖို များ တွင် တိုက်ရိုက်သုံး၍ မရ။ Fissionable ဖြစ်အောင် Breeder reactor များတွင် ပြုလုပ် ယူရသည်။

238U + n0 = 239U ( - β-1 ) = 239Np ( - β-1 ) = 239Pu

232Th + n0 = 233Th ( - β-1 ) = 233Pa ( - β-1 ) = 233U


Breeder Reactor

Breeder reactors (မွေးဖွားပေးသော ဓာတ်ပေါင်းဖိုများ) များ၏ အခန်းကဏ္ဍ သည်လည်း အရေးပါလှသည်။ ၄င်းသည် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် အသင့်သုံးမသုံးနိုင်သော Fertile materials ( 238U ,232Th ) များကို Fissionable materials များအဖြစ် မွေးထုတ်ပေးရာ ဖြစ်သည်။ Breeder reactors များမှ ယူရေနီယမ်တစ်ဂရမ် လောင်ကျွမ်းခြင်းမှ ထွတ်လာသော စွမ်းအင် ပမာဏသည် ကျောက်မီးသွေး 2.7 မတ်ထရစ်တန် လောင်ကျွမ်းခြင်းနှင့် ညီမျှသည်။

Sample Nuclear Bomb


နျူကလီးယားဗုံး ထုတ်လုပ် တဲ့အခါ ကွင်းဆက် တုံ့ပြန်ခြင်း ( Chain reaction ) ကို ကန့်သတ် ထားခြင်း မရှိပဲ ၊အပူ စွမ်းအင် များစွာ ထုတ်လွှတ်မယ့် မဟာ အခြေပြောင်း ဒြပ်ထု ( critical mass ) ဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်သည်။ အခြေပြောင်းဒြပ်ထု ( critical mass ) ဆိုသည်မှာ ကွင်းဆက်တုန့်ပြန်ခြင် ( chain reaction ) ဖြစ်စေရန် လိုအပ်သော အက်တမ်အရေအတွတ် ဖြစ်သည်။ ယူရေနီယမ် အနျူမြူဗုံး တွင် 90% သန့်စင်ထားသော ယူရေနီယမ် အိုက်ဆိုတုပ် -၂၃၈ အောက်ဆိုက် (238UO2) ကိုလောင်စာအဖြစ်အသုံးပြုသည်။ အမေရိကန်တို့ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့သော Little Boy အမည်ရှိ ယူရေနီယမ်-၂၃၅ ဗုံးအမျိုးအစားသည် အဆောက်အဦးပေါင်း ငါးသောင်း ကျော်နှင့် လူဦးရေ တစ်သောင်းခွဲခန့် ဗုံးဒဏ်ကြောင့် သေကြေပျက်ဆီးခဲ့သည်။ ငါးနှစ်အတွင်း ရောင်ခြည်သင့်ခံရခြင်းကြောင့် လူပေါင်း ခြောက်သောင်းခန့် သေကြေခဲ့ကြသည်။ ဂျပန်နိုင်ငံ နာဂါစကီမြို့တွင် ကြဲချခဲ့သော Fat Man အမည် နျူကလီးယား ဗုံးသည် ၊ယူရေနီယမ်-၂၃၈ ( 238U ) မှ ပြုလုပ်ရယူထားသော ၊ပလူတိုနီယမ် (Plutonium) ဗုံးအမျိုးအစား ဖြစ်သည်။ ဗုံးဒဏ်ကြောင့် လူပေါင်း ခုနှစ်သောင်းခန့် သေကြေခဲ့ပြီး ၊တစ်သောင်းခွဲခန့်သည် ရောင်ခြည်သင့်ခြင်း ( Radiation Hazard ) ကြောင့် ငါးနှစ်အတွင်း သေကြေခဲ့သည်။


Nuclear Bomb Explosion
0

၄၇ သို့ အမှတ်တရ

6

၄၇ မှတ်တမ်း (၁)

စစ်တက္ကသိုလ် အမှတ်စဉ် (၄၇) ဗိုလ်လောင်းသင်တန်းကို ၂၀၀၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး (၃)နှစ်တိုင်တိုင် စစ်ပညာနှင့် စာပေသိပ္ပံပညာရပ်များကို သင်ကြားပို့ချကာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကျောင်းဆင်းပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ စစ်တက္ကသိုလ်သမိုင်းတွင် အမှတ်စဉ် (၄၇) သင်တန်းသည် အထူးခြားဆုံးနှင့် သင်တန်းသားအများဆုံး (ကျောင်းဆင်း အင်အား ၂၉၆၇ ဦး) အမှတ်စဉ် ဖြစ်ခဲ့ပါသည်။


ယခုအခါ ကျောင်းဆင်းခဲ့သည်မှာ (၇) နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ စစ်တက္ကသိုလ်မှ ကျောင်းဆင်းအမှတ်စဉ်များသည်ပင်လျှင် (၅၃)ခု မြောက်ခဲ့ပြီဖြစ်ပါသည်။ မိမိတို့အမှတ်စဉ်မှ ညီနောင်များသည်လည်း နေရာဒေသအသီးသီးတွင် စစ်ဘက်၊ နယ်ဘက်ဝန်ကြီးဌာနများ၌ ကျရာတာဝန်များကိုကျေပွန်စွာထမ်းဆောင် လျှက်ရှိကြ ပါသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် စစ်တက္ကသိုလ်အမှတ်စဉ်(၄၇) သင်တန်းဆင်း (၂) နှစ်ပြည့် နှစ်ပတ်လည် နေ့အထိမ်းအမှတ် ပြင်ဦးလွင်မြို့၊လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇိနမာန်အောင်ကျောက်တောင်စေတီတော်ကြီး မဟာရံတံတိုင်း (၁၃) ခန်း အတွက် အောင်စစ်သည် ဗိုလ်ကြီး မှဦးစီး သော စစ်တက္ကသိုလ်အမှတ်စဉ် (၄၇)သင်တန်း၊ ဘာသာစကားသင်တန်းအမှတ်စဉ်(၆) မှသင်တန်းသားများမှ အလှူတော်ငွေ (၆၇၀၀၀၀ - ခြောက်သိန်း ခုနှစ်သောင်းကျပ် တိတိ)၊ ဘိုးဘွားရိပ်သာအတွက် အလှူငွေ (၃၀၀၀၀၀ - ကျပ်ငွေ သုံးသိန်းတိတိ)၊ ပြင်ဦးလွင်မြို့ မျက်မမြင် ပရဟိတကျောင်းသို့ အလှူငွေ (၃၀၀၀၀၀ - ကျပ်ငွေ သုံးသိန်းတိတိ) ဖြင့် စုစုပေါင်း ကျပ်ငွေ (၁၂ သိန်း၊ ၇ သောင်း ) အားလှူဒါန်းခဲ့ပါသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ ကျောင်းဆင်း (၄)နှစ်ပြည့် ဗိုလ်ကြီးအဆင့်သို့ အဆင့် တိုးမြှင့်ပေးခြင်းခံရသောနေ့ အထိမ်းအမှတ် အနယ်နယ်အရပ်ရပ် တွင်တာဝန်ထမ်းဆောင်နေကြပါသော စစ်တက္ကသိုလ် အမှတ်စဉ်(၄၇) သင်တန်းမှ ပြင်ဦးလွင် မိုးကုတ်ရိပ်သာတွင် ကျောက်ဆင်းတုတော်တစ်ဆူ နှင့် ပြင်ဦးလွင် ဒိုးပင်ပရဟိတ ကျောင်း (၂)ထပ်ဆောင် ၁ခုဆောက်လုပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း တစ်ရာ ခန့်လှူဒါန်း နိုင်ခဲ့ကြပါ သည်။

3

Defence Services Academy

The Defence Services Academy in Pyin Oo Lwin, is the premier military service academy of Myanmar, training future officers for all three branches of Burmese military. The Ministry of Defence administered academy offers bachelor's degree programs in liberal arts, combined physical sciences, and computer science. As of 52th intake in 2010, the academy is open only to male applicants.

The DSA graduates are commissioned in one of the three branches of Burmese military. The country's premier military training school has produced many of the top military officers of Burmese military.

The DSA was established in Fort Ba Htoo in southern Shan State in 1954, and was moved to its current home, a former British hill station of Pyinoolwin (formerly, Maymyo) in June 1957. First commander of DSA was Col. L. Khon Naung.


As the country's most prestigious military academy, the DSA receives many applications from high school graduates each year. Unlike at most other Burmese universities, the selection process goes beyond the matriculation exam marks, including physical fitness tests, teamwork and comradeship screening, psychometric assessments and general interviews. The academy is open only to male applicants.

The DSA offers four-year bachelor's degree programs in liberal arts, combined physical sciences (with specializations in areas such as chemistry, physics, mathematics, geology) and computer science. The undergraduate degree programs used to take 4 years but from the 42nd intake onwards, the duration has been reduced to 3 years.[citation needed] The DSA comprises two main branches: the academic wing and the training wing.




Military education

All cadets receive mandatory military training. The structure of the DSA is based on British and American (i.e. Sandhurst and West Point respectively) military training traditions as well as home-grown practices.

In the tradition of American system, the senior cadet officers are assigned to mentor junior cadet officers, overseeing day-to-day training, discipline and welfare of the juniors in general, with the aim of developing the so-called "guardian brotherhood" so as to develop a sense of community, comradeship, faith and trust, chain-of-command and looking after one another. This function is supervised by an officer (known as company officer), usually at the rank of Captain, who is then supported by a senior non-commissioned officer, usually at the rank of Master Sergeant. The sergeant more closely interact with the cadet officers and is directly in the chain-of-command, and is similar to the British system.

Unlike in American and British systems, which maintain separate military academies for different branches of armed forces, the DSA trains for all three branches of Burmese military (army, navy and air force). Its cadets select the branch to enter upon their graduation, subject to fulfilling further health and training requirements.

In general, cadets at the DSA starts their day in the early mornings with rigorous physical training, followed by academic lectures, then by military training. After the exams, they also spend a period devoted solely for military training which take place at various locations across the country. As part of their study requirements, they are taught political science, general law, international relations and other related subjects alongside their main studies regardless of specialism. In common with other universities in the country, the cadets are required to study Burmese, English and mathematics regardless of the subject they major in.

The first few weeks of the 1st year is known as "soldier indoctrination week" when newly recruited cadet officers are trained to have military mentality. Further more, cadet officers are not allowed to keep in touch with the outside world, not even with family (unless under exceptional circumstances such as death of a family member), for the first six months of the first year which is a period meant to transform these young high school graduates from civilians into potential military officers. Cadets are subject to further disciplinary requirements such as having to refrain from visiting the restricted areas of the city and the dress-code both while on DSA grounds and while in the city, even during their private time.

The board and room, uniform and food, as well as other essential supplies, for the cadet officers and their tuition costs are borne by the academy. In addition, they also receive a small amount of monthly allowance. In the past, up to 18th Intake, the academy allowed so-called private cadets who are well-qualified, and satisfied by admission board, but do not want military service obligation upon graduation. Such applicants pay tuition fees to the academy and fund their own cost of living while receiving education and training at the academy in exactly as the same way as the other regular cadet officers. Such private cadets are not obliged to serve in the Armed Forces upon graduation. However, they may choose to serve, at their own discretion, in the Armed Forces. Private cadets made up about 5~10% of each intakes. Private cadets are, however, no longer admitted after 18th Intake. The minimum contract of the military service for the regular cadet officers upon graduation is 10 years.

0

စစ်တက္ကသိုလ်

စစ်တက္ကသိုလ် - ၁

စစ်တက္ကသိုလ် - ၂
0

Mission of DSA

The purpose of the academy is to "train a new generation of highly educated and well-rounded officers for Myanmar's armed forces who are capable of leading the nation". The DSA emphasizes on the academic curriculum alongside the military training with the intention of developing individuals who are capable of running the entire nation. (In contrast, the mission of Officer Training School is to train the future commanders who can lead the Armed Forces in times of war. Furthermore, the OTS does not offer any additional academic qualifications, and the admission is usually open only to degree-holders. From 1999 onwards, it is open only to non-commissioned officers and servicemen holding degrees who demonstrate extraordinary qualities to become officers. Training duration is nine months. It has two in-takes per year.)
Related Posts Plugin for WordPress, Blogger...