The 47
Country Flag

The Graduation Parade

Aung San Hall

Cadet's Uniforms

Intake Flag

Popular Posts
-
စစ်တက္ကသိုလ် အမှတ်စဉ် (၄၇) ဗိုလ်လောင်းသင်တန်းကို ၂၀၀၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး (၃)နှစ်တိုင်တိုင် စစ်ပညာနှင့် စာပေသိပ္ပံပညာရပ်များကို သင်...
-
The Defence Services Academy in Pyin Oo Lwin, is the premier military service academy of Myanmar, training future officers for all three br...
-
ယူရေနီယမ် ( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယ...
-
စွမ်းအားပြည့်လွန် "လေးဆယ့်ခွန်"ဟု အားသွန်ပျိုမြစ် ပြည့်သားချစ်တို့ နှစ်မြုပ်သည့်ဇွှဲ မလဲသည့်မာန် ရဲစိတ်လျှံကိုး စိတ်ဝယ်ပျိုး၍...
-
နိုင်ငံတော် သမ္မတ အဆင့် က တက်ရောက် ကျောင်းဆင်း ပေးရသည့် အရှေ့တောင် အာရှ တွင် တစ်ခုတည်းရှိသော စစ်တက္ကသိုလ် ကျောင်းတော်ကြီး မှ ကျောင်းဆင်း နောင...
-
တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲ ပေါ်ပေါက်လာ ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) ...
-
စစ်တက္ကသိုလ် - ၁ စစ်တက္ကသိုလ် - ၂
Categories
- ၄၇ မှတ်တမ်း (1)
- Defence Services Academy (6)
- စာအုပ်များ (1)
- မိန့်ခွန်းကောက်နှုတ်ချက် (2)
- မိုးခလုလင် ၏ ဆောင်းပါးများ (1)
- ဆောင်းပါး (1)
- နျူကလီးယား (1)
Blog Archive
-
▼
2012
(12)
-
▼
December
(7)
- ယနေ့ကျောင်းဆင်း(၈)နှစ်ပြည့်၊ မြန်မာ့အလင်းသတင်းစာ၊ ...
- အမှတ်စဉ်(၄၇) ကျောင်းဆင်း(၈)နှစ်ပြည့် အထိမ်းအမှတ် စ...
- သမိုင်းသစ္စာ (၄၇)
- စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၇) သင်တန်...
- Photos In DSA
- စစ်တက္ကသိုလ် အမှတ်စဉ် (၅၅) ကျောင်းဆင်းပွဲ မိန့်ခွန်...
- စစ်တက္ကသိုလ်မှ ရိုက်ကူးတည်းဖြတ်ထားသည့် MTV သီချင်းများ
-
▼
December
(7)
Powered by Blogger.
အမှတ်စဉ်(၄၇) ကျောင်းဆင်း(၈)နှစ်ပြည့် အထိမ်းအမှတ် စာပေစုစည်းမှု အပိုင်း(၁)
"ဒီဇင်ဘာ(၁၇) နှစ်ပတ်လည်ကဗျာ"
ဇာတိမာန်ကြွား၊ ရဲစိတ်ထားဖြင့်
ရွပ်ချွံလက်တွဲ၊ ထမ်းရွက်ဆဲမှာ
ချိန်ခါမရောက်၊ ကြွေကာပျောက်လည်း
သင်တို့သစ္စာ တို့ရင်မှာမြဲ
တည်ဆဲမွှေးဆဲ သင်းပျံ့ဆဲ....
နေ့ထူးရက်မွန် ဒီ(၁၇)မှ
စိတ်ထားပြည့်မွန် ၄၇ တို့
ပျိုရွယ်နုဘိ စွမ်းသတ္တိနှင့်
ရိုးဂုဏ်ဖွေးလက် စိတ်ထားမြတ်၍
တောက်ကြွားရွန်းပြောင် တို့ညီနောင်တို့
လက်တွဲညီညာ မြဲခိုင်မာစို့......
(အမှတ်စဉ်၄၇ သူငယ်ချင်းတစ်စုမှ ၁၇.၁၂.၂၀၀၈ နေ့အတွက်ရေးစပ်ထားသော ကဗျာဖြစ်ပါသည်။)
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
"ငါတို့ အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်.."
သံယောဇဉ် အမျှင်အတန်းအားလုံး
အ၀မှာ ချိတ်ဆွဲထားခဲ့တယ်
ရှည်ရင်ရှည်မယ် ၊ပုရင်ပုမယ်
ပိန်ရင်ပိန်မယ် ၊၀တာရှိမယ်
ဒါပေမယ့်
အကုန်လုံးက တစ်သားတည်းပဲ
နေရပ်ကိုလွမ်းမယ်
တစ်ယောက်သောသူကို သတိရချင်ရမယ်
ငါတို့လည်း နှလုံးသားနဲ့ပဲ
တစ်ယောက်မကောင်း အများကို ငါတို့လဲမကြိုက်ခဲ့ဘူး
နောက်တစ်ခါ မမှားမိဖို့ ကိုယ်ပိုင်အသိရှိခဲ့ကြတယ်
ကိုယ့်နေရာ ၊ကိုယ့်စားပွဲ၊ကိုယ့်ကုတင်
တစ်ကိုယ်ရေကအစ
ကိုယ့်စိတ်ဓါတ်တစ်ခုလုံး
သန့်ရှင်းသပ်ရပ်ဖို့
အစစ လေ့ကျင့်ယူရတာပဲလေ
သူလုပ်ရင်ကိုယ်လဲလုပ်နိုင်ရမယ်
ဒါပေမယ့်
သူလဲရင်ကိုယ်ထူလို့
ကိုယ်လဲတော့လဲ သူတို့တွေကထူမ
အုံနဲ့ကျင်းနဲ့မေတ္တာတွေ
အစားထိုးပြန်ရတယ်
မိုးရွာတယ် ၊နှင်းကျမယ်
ရာသီဥတုကတော့ အစိုးမရဘူး
လုပ်ရမယ့် အလုပ်ကိုတော့
နေ့စဉ်နေ့တိုင်း ရွတ်ဆိုပြဌာန်းကြတယ်
အသက်နဲ့ ရင်းရမယ့် စွန့်စားမှု့ အတွက်
ကိုယ့်အသက်ကိုယ် ရှာကျန်မွေးရတယ်
မသေဆေးတွေကို မြိုမြိုချခဲ့ရ
ဒီလိုနဲ့ပဲ..
ကျောင်းတော်သာရဲ့ အရပ်မှာ
ချယ်ရီတွေအထပ်ထပ် ပွင့်ကြပြန်တယ် ။
ဘ၀ဘ၀တွေထဲ တိုးဝင်မိခဲ့ကြပြီ
အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသလို
ဝါးလုံးသိမ်းရိုက်ချက်တွေအောက်မှာ
အများတကာရဲ့ ဗီလိန်မြင်ကွင်းထဲ
ကိုယ်ကျင့်နဲ့ ပညာကိုလက်ဆွဲလို့
ငါတို့ထွန်းလင်းကြပါစို့
ချစ်တတ်ပါစေ၊ ချစ်တတ်ပါစေ
ရင်ခွင်တစ်ခုလုံး ထစ်ချုန်းအောင်
အကြိမ်ကြိမ် ရွတ်ဆိုမိတယ်
မြစ်တစ်စင်းမှာ လက်ပစ်ကူးချင်ရင်
အဲဒီမြစ်ရဲ့ ရာဇ၀င်အကြောင်း
အဆိုးအကောင်းကိုတော့ သိသင့်ပါတယ်
နားရွက်တစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ပိတ်ဆို့ထားရတဲ့အခါ
ငါတို့ "အကြား" ဟာ တရားတယ်လို့ ဆိုနိုင်မလား
မျက်ဝန်းတစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ဖုံးကွယ်ထားရတဲ့အခါ
ငါတို့ "အမြင်" ဟာ ကြည်လင်တယ်လို့ ဆိုနိုင်မလား
နေ့နဲ့ညရဲ့ အကူးအပြောင်း
အရုဏ်ဦးရဲ့ တေးသွားအလှမှာ
သံပြိုင်လိုက်ဆိုကြဖို့ သိပ်လွယ်ပါတယ်
လူတစ်ယောက်ရဲ့ အတွေးအမြင်ကူးပြောင်းခြင်းမှာတော့
ဟိုးရှေးရှေးတုန်းကနေ အခုချိန်ထိ
အမည်တပ်စရာ ခေါင်းစဉ်များစွာဟာ
အသစ်အသစ်တွေနဲ့ မွေးဖွားလို့ကောင်းတုန်း
အလှဆုံးအပြုံးတစ်ပွင့်မှာ
လျှို့ဝှက်နက်နဲနေဖို့ မလိုပါဘူး
ရိုးရှင်းသန့်စင်နေဖို့ပဲ လိုပါတယ်လေ
အမြင်မတူရင် ရန်သူတဲ့လား
ပညာရှိကြီးများခင်ဗျား
အဲဒီလို..
အပေါ်စီးကနေ ပြုံးပြုံးကြီး မကြည့်ကြပါနဲ့
ခင်ဗျားတို့ စီးသွားမဲ့ ဖိနပ်တစ်ရံမှာ
ဘယ်တော့မှ မပြတ်တဲ့ သဲကြိုးတစ်စုံဟာ
ကျွန်တော်တို့ ရင်ထဲမှာငုံနေတဲ့ သစ္စာတရားပါဗျာ။
တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့
ဆိပ်ကမ်းကနေ ကြိုးဖြည်ခဲ့သူများ
လေရဲ့တိုက်ခတ်ပုံအကြောင်း
ရွေ့သွားတဲ့ လှေငယ်ရဲ့ ဦးတည်ချက်မှာ
ဘယ်အရပ်ကို ဆိုက်ကပ်သွားမယ်ဆိုတာရယ်
မြေပုံနဲ့ ကွန်ပတ်
ငါတို့ခြေထောက်တွေကို ဘယ်လိုတန်ဖိုးဖြတ်မယ်ဆိုတာရယ်
ခဏခဏအစာကြေနေတဲ့အတွက်
ဘယ်မှာပဲနေနေ ၊ရွက်လွင့်နေမိမှာပါ
ဝေးကွာလွမ်းဆွတ်ရလွန်းတဲ့အခါ
ကိုယ့်အသိုက်အမြုံလေးကိုတော့
စိတ်ထဲကနေ ပျံမိနေတတ်တာပေါ့
အသက်ရှူရတာချင်းအတူတူ
ငါတို့ပုခုံးတွေက ပိုလေးတယ်လို့
သတ်မှတ်ချက်တွေနဲ့ ဘောင်မခတ်ပါဘူး
ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ
အဆိပ်တွေလည်း ပါနိုင်ပါတယ်
ငါတို့မရေးခဲ့ရတဲ့သမိုင်းထဲမှာလဲ
ခြေပြတ်လက်ပြတ်၊အစာငတ်
အသက်သွေးချွေးတွေနဲ့ ရေးခဲ့ကြလို့
အခုလိုရွှတ်ဆိုခွင့်ကို ရကြတာပေါ့
ရွတ်ဆိုနေကြ အပိုင်းအစကိုတော့
နှုတ်ဖျားမှာ စာလုံးမပေါင်းတော့ဘူး
ရင်ထဲကနေ အခါခါ ကျင့်သုံးရွတ်ဖတ်ကြမယ်
ဥဒါန်းတွေချွေ…..
ကြယ်တွေကြွေကြ….
သစ္စာဆိုတဲ့ ဂုဏ်ဒြပ်
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကိုတော့
မေ့ထားလို့မရဘူး
ဘယ်လိုပဲ အသက်ရှင်နေရပစေ
လူတစ်ယောက်ရဲ့ ဘ၀မှာတော့
ငါတို့ လူပီသအောင် နေတတ် သေတတ်ရဦးမယ် ။ ။
(ညိမ်းညို၊ တင့်ထူးရွှေ။)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
"ဝေဒနာ နံနက်ခင်း"
နှင်းမှုန်ဖြာဆင်း နံနက်ခင်းမှာ
ငိုချင်းရှည် တစ်ပုဒ်ကို
ကားဟွန်းသံက တီးမှုတ်နေပြီ
" ကျွန်တော် သွားတော့မယ်
အမေမငိုနဲ့နော်.."
တင်းထားတဲ့စိတ်ဓာတ်တို့ ပြိုကွဲ
ကျွန်တော်လည်း မငိုရဲဘူးအမေ
ဖရိုဖရဲ ဆံနွယ်ဆံလိပ်တို့ သပ်တင်
အမေ့ရင်ထဲ နာကျင်နေရှာမှာပဲ
ဝေ့၀ဲလာမဲ့ မျက်ရည်စတွေ
ကျွန်တော် မမြင်ပါရစေနဲ့ အမေရယ်..
" ကျွန်တော် အမေ့သားမဟုတ်တော့ဘူး
စစ်သားဖြစ်သွားပြီလေ..
မြန်မာပြည် တနံတလျား
ဒီလိုပဲ ခွဲခွာပြီးသွားနေရဦးမှာ အမေ "
ဘယ်လိုပဲ ဖြေသိမ့်ဖြေသိမ့်
အမေ့စိတ်ထဲ မကောင်းဘူးဆိုတာ
ကျွန်တော်သိတာပေါ့ အမေ
ကားရဲ့ သံဘောင်လက်တန်း
အမေ..ကမန်းကတန်း ဖမ်းအဆုပ်
ရုတ်ခနဲ ခြေအကြွ
မွှေးမြလိုက်တဲ့ အမေ့ရဲ့ အနမ်းက
ကျွန်တော့်ရင်ထဲ
ခုထိ..ငြိမ်းချမ်းအေးမြဆဲပါ အမေ
အလှမ်းကွာဝေးပြီဆို
လွမ်းစရာလေးတွေတော့ ကျန်ခဲ့စမြဲလေ
နှုတ်ဆက်ခွဲခွာ သံသရာမှာ
အနေကြာသရွေ့တော့
ဝေဒနာတွေ တွေ့ ကြဦးမှာပေါ့
ဖြူစင်နှောင်ကြိုးနဲ့
ရစ်တိုးနွှယ်ငင်တတ်လေတဲ့
သံယောဇဉ်တရား ကိုယ်စီပွားရင်း
လွမ်းချင်းတေးတစ်ပုဒ်ကို
ကျွန်တော်တို့ သရုပ်ဖော်နေရပြီ အမေ..
အမေ့ရဲ့ ဆုံးမသွန်သင်မှုတွေနဲ့
ဘ၀ကို ကျင်လည်စွာထိန်းကျောင်းရင်း
အမှားကင်းအောင် နေပါ့မယ်အမေ
ဒါဆို..
ဝေဒနာ နံနက်ခင်းရဲ့
ခွဲခွာခြင်း သင်္ကေတတွေထဲက
ကြည်နူးစရာပန်းတစ်ခြင်း
အမေ့အနားမှာ သင်းပျံ့ မွှေးထုံနေပြီပေါ့နော်..
ညိမ်းညို
=========================================================================
"ကျန်ရှိသည့် ဘဝခရီး"
ဘဝဟူသည် အလွန်ခက်ခဲပင်ပန်းသော ပြိုင်ပွဲတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ဘဝကို ရုန်းကန်မှုဟူ၍ ကျွန်တော်အမည်တပ်ချင်သည်။
ကျွန်တော် လူမှန်းသိတတ်စအရွယ်ကပင် ဖခင်ဆိုသူကို မြင်တွေ့ခွင့်မရခဲ့၊ ကျွန်တော် (၁) နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သော
ကြောင့်ဖြစ်သည်။ ထိုအရာမှာ ကျွန်တော့်အတွက်တော့ ခက်ခဲကြမ်းတမ်းသောလမ်းကို ဖိနပ်မပါပဲ လျှောက်လှမ်းရသည်နှင့် ပမာတူသည်။
ဓါတ်ပုံထဲမှ ဖခင်၏ရုပ်ပုံလွှာများကို တဝကြည့်၍ စကားတွေအများကြီးပြောခဲ့ဖူးသည်။ ဖခင်မေတ္တာဟူသည် ကျွန်တော့်အတွက်တော့
အလွန်တရာထူးဆန်းလှသည့် ဆုလဒ်တစ်ခုပင်ဖြစ်ခဲ့သည်။ သို့သော် ထိုဆုလဒ်မျိုး ကျွန်တော့်ဘဝတွင် ပိုင်ဆိုင်ခွင့်မရခဲ့ပေ။
အဘယ်ကြောင့်ဆိုသော ဖခင်မေတ္တာသည် အစားထိုး၍ မရနိုင်သည့် တစ်ခုတည်းသော ဖြစ်တည်မှုဖြစ်သောကြောင့်ပင် ဖြစ်သည်။
ငယ်စဉ်ကပင် ကျွန်တော် ဘဝကို ရုန်းကန်ခဲ့ရပါသည်။ ရုန်းကန်ရင်းနှင့်ပင် ကျွန်တော်အလဲလဲအကွဲကွဲ ဖြစ်ဖူးသည်။ လူတိုင်းပင်
ထိုကဲ့သို့ဖြစ်ဖူးကြလိမ့်မည်ထင်သည်။ ပြေးရင်းလွှားရင်း မတော်တဆ ချှော်လဲခဲ့လျှင်ပြန်၍ ထတတ်သည့် အကျင့်မှာ ငယ်စဉ်ကလေးဘဝက
ရရှိခဲ့သော ဘဝကိုရင်ဆိုင်ရမည့် ပုံသေနည်းဖြစ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မထင်။ “လဲရင်ပြန်ထ အဲဒါဘဝ” ဟူသော ဆောင်ပုဒ်တစ်ခုကို
ကျွန်တော်လက်ကိုင်ထားသည်။ အလကားနေရင်းတော့ မလဲနိုင်၊ ပြေးသွားမိလျှင်သော်လည်းကောင်း၊ ခက်ခဲသောလမ်းကို လျှောက်မိလျှင်
သော်လည်းကောင်း အခန့်မသင့်ပါက လဲနိုင်သည်။ သို့ရာတွင် လဲသည့်နေရာမှ ချက်ချင်းပြန်ထနိုင်မှသာလျှင် ရှေ့ဆက်လျှောက်ရမည့်
လမ်းခရီး သာယာနိုင်ပေမည်။
အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် မိမိထင်တာထားသည်ထက်ပို၍ အောင်မြင်မှုရနိုင်သည်။ စိတ်လှုပ်ရှားစွာစွန့်စားရသော လုပ်ငန်းသည်
မိမိ၏ဘဝကို တစ်ဖြစ်လဲပြောင်းလဲစေနိုင်သည်၊ စွန့်စားလိုစိတ်ကို အမြဲတမ်းရှင်သန်စေနိုင်သည်၊ အောင်မြင်မှုကိုပေးနိုင်သည်၊ ဘဝသစ်ကို
ဖန်တီးနိုင်သည်၊ ထိုအရာများအားလုံးသည် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်းဖြင့်ရရှိနိုင်သော အရာများဖြစ်လေသည်။
ဘဝသစ်တစ်ခု ဖန်တီးရန်အတွက် ရွေးချယ်မှုပြုလုပ်ရမည်။ လူ့ဘဝတစ်သက်တာတွင် ဘာနဲ့အသက်မွေးဝမ်းကျောင်းပြုမလဲဆိုသည့် ရွေးချယ်မှုသည်
အဓိကကျ၍ အရေးလဲကြီးသည်။ စင်စစ်မည်သူမဆို မိမိစိတ်ဝင်စားသောအလုပ်၊ သို့တည်းမဟုတ် လက်ရှိမိမိဘဝအခြေအနေအရ ရွေးချယ်နိုင်သမျှ
ထဲမှ အကောင်းဆုံးအလုပ်ကို တကယ်စိတ်အားထက်သန်စွာလုပ်ကိုင်မည် ဆိုပါက ထိုလုပ်ငန်းနယ်ပယ်တွင် အောင်မြင်သည့် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ
ဧကန်အမှန်ပင်ဖြစ်ပေသည်။
ကျွန်တော်ရွေးချယ်မှုတစ်ခုပြုခဲ့သည်။ ထိုအလုပ်သည် ခက်ခဲမည်၊ ပင်ပန်းဆင်းရဲမည်ဟူ၍ အကြမ်းဖျင်းယူဆထားခဲ့မိသည်။
သို့ရာတွင် တကယ်တမ်း ရွေးချယ်လုပ်ကိုင်သည့်အခါမှ ထိုအသက်မွေးဝမ်းကျောင်းအလုပ်သည် မည်မျှခက်ခဲသည့်
လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။ စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘဝသည် ကျွန်တော်၏လှိုင်းထနေသည့်စိတ်ဓါတ်များကို
အနှယ်ထိုင်စေခဲ့သည်။ ခက်ခဲပင်ပန်းသည့် စစ်ရေးပြ၊ စစ်ဗျူဟာ၊ လက်နက်ငယ် စသည့် စစ်ပညာဘာသာရပ်များသင်ကြားရာတွင်
မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် လိုက်ပါလုပ်ဆောင်ခဲ့ရသည်။ မိမိရွေးချယ်ခဲ့သည့်ဤလမ်းခရီးကို အဆုံးထိတိုင်အောင်လျှောက်လှမ်းမည်ဟု
သံဓိဌာန်တစ်ခု သေချာစွာချမှတ်ထားခဲ့သည်။
သံယောဇဉ်ဟူသည် ဖြစ်တည်ပြီးလျှင် ဖြတ်တောက်ရန်အလွန်ခက်ခဲသော သဘောရှိသည်။ အရပ်သားဘဝတွင်ရှိခဲ့သော သံယောဇဉ်အမျှင်အတန်း
အားလုံးကို ဖြတ်တောက်၍ စစ်တက္ကသိုလ်ကျောင်းပေါက်ဝတွင် ချိတ်ဆွဲ၍ထားခဲ့ရသည်။
စစ်တက္ကသိုလ်မှသင်ကြား လေ့ကျင့်ပေးသည့် စစ်ပညာဘာသာရပ်များသည် ခြေလျှင်တပ်စုမှူးတစ်ယောက်အဖြစ်၊ လက်တွေ့ဘဝနယ်ပယ်၌
ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ နည်းပြအရာရှိများ၊ နည်းပြဆရာများ ကျွေးသော မသေဆေးများကို
ကြိမ်ဖန်များစွာ စားသုံးခဲ့ရသည်။ မြိုချခဲ့ရသည်။ ထွေးထုတ်၍မရ၊ ထိုမှတစ်ဆင့် ကျောင်းဆင်းအရာရှိငယ်ဖြစ် သင်ယူလေ့လာစရာရှိသည်များကို
ဆက်လက်လေ့လာဆည်းပူးရသည်။ ပညာဟူသည် ရရှိခြင်းမဟုတ်၊ ရယူခြင်းပင်ဖြစ်သည်။ အမြဲတစေ ရယူနေရမည့်အရာဖြစ်သည်။
စစ်တက္ကသိုလ်မှ စည်းကမ်း၊ စိတ်ဓါတ်၊ အမိန့်နာခံတတ်မှု စသည့် အရည်အချင်းနှင့် အရည်အသွေးများကို တစ်ပြိုင်နက်တည်း သင်ကြားပေးခဲ့သည်။
စာပေဖတ်ရှု့ခြင်းဝါသနာသည်ပင်လျှင် စစ်တက္ကသိုလ်မှ ရရှိခဲ့သည့် အဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်ခဲ့သည်။ စာဖတ်ခြင်းဖြင့် အသိပညာပြည့်ဝ
စေနိုင်သည် မဟုတ်လော ။
နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေရမှုများသည် ဘဝ၏ခက်ခဲသော လမ်းများကို ဖြတ်သန်းနေရသကဲ့သို့ ရှိလှသည်။ အခက်အခဲပြဿနာနှင့်ရင်ဆိုင်ရလျှင
် ခေါင်းဆောင်သည် မိမိကိုယ်ကိုအားကိုးရမည်ဟူသော အလေ့အကျင့်မျိုး စစ်တက္ကသိုလ်မှ သင်ကြားပေးခဲ့သည်။ လူငယ်ပင် ဖြစ်သော်ငြား
ကျွန်တော်သည် အတော်အသင့် စိတ်တည်ငြိမ်ရင့်ကျတ်ခဲ့ရသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော စိတ်တည်ငြိမ်ရင့်ကျတ်ခြင်းသည်
ရေရှည်ရည်မှန်းချက်အောင်မြင်မှုအတွက် လတ်တလောအလိုဆန္ဒများကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းဟု လည်းဆိုနိုင်ပေသည်။ စိတ်လှုပ်ရှားမှုများ၊
လတ်တလောဆန္ဒများကို ထိန်းချုပ်၍၊ ကိုယ်ပိုင်စည်းကမ်းကို တိကျစွာလိုက်နာရန်၊ လူအများကို ဦးစီးခေါင်းဆောင်နိုင်ရန်အတွက်ပင်
ရင့်ကျတ်ခဲ့ရသည်ဟု ဆိုချင်ပေသည်။
စစ်တက္ကသိုလ်သို့ တက်ရောက်၍ ဗိုလ်လောင်းဘဝ(၃)နှစ်တာ ပညာသင်ယူရခြင်းသည် ကျွန်တော့်ဘဝအတွက် အလွန်တရာအကျိုးရှိလှသော
ဘဝသစ်ဟုဆိုချင်သည်။ မည်မျှခက်ခဲပင်ပန်းသော ခရီးပင်ဖြစ်ပါစေ၊ ခရီးဆုံးလျှင်သော မည်သူမဆို ပြုံးရယ်နိုင်ကြပေလိမ့်မည်။
ကျွန်တော်ပိုင်ဆိုင်သည့် တစ်ခုတည်းသောဘဝကို ကျွန်တော်ဖန်တီးခဲ့လေပြီ၊ ထိုဘဝကို ဆက်လက်၍ တည်ဆောက်သွားရပေလိမ့်ဦးမည်။
မည်သို့ပင် ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းဖြစ်ပါစေ၊ ကျွန်တော့်ဘဝကို အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးသွားချင်သေးသည်။
ကျွန်တော့်အတွက် အခွင့်အရေးများ နောက်မကျသေးဟုထင်ပါသည်။ “အခွင့်အရေးဟူသည် ဖမ်းမိလျှင်အဆပွား၏” ဟူသော ဇွန်ဆူး၏
စကားအတိုင်း အဆပွားရပေဦးမည်။ မိမိကိုယ်ကိုအဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပေဦးမည်။ ထိုမှသာ လောကသည် ကျွန်တော်တို့အား
မျက်နှာသာပေးပေလိမ့်မည်။
ကျောင်းနေစဉ်ငယ်စဉ်ဘဝ၊ စစ်တက္ကသိုလ်တွင်ပညာသင်ရသော ဗိုလ်လောင်းဘဝများတွင် စတင်၍ စိုက်ပျိုးခဲ့ရသော အသိပညာဟူသည့်
သစ်ပင်ကြီးကြောင့် ယခုအခါ အရိပ်ခိုနိုင်ပေပြီ၊ ထိုအပင်ကိုစိုက်ပျိုးရာတွင် ဒုက္ခခံခဲ့ရသည့်တိုင် အကျိုးကျေးဇူးအလွန်းကြီးမားကြောင်း
သိခဲ့ရလေပြီ။ ပညာ၏အမြစ်များသည် ခါး၏ဟုဆိုသော်လည်း အသီးကိုစားသုံးကြည့်မှ အလွန်ချိုကြောင်း သိခဲ့ရလေသည်။
ထို့ကြောင့် ယနေ့ကျွန်တော်၏ ချိုမြိန်သောအသီးရှိသည့် သစ်ပင်ကြီး ဆက်လက် ရှင်သန်နိုင်ရန် ကြိုးစားရပေဦးမည်။
ကြိုးထုံးများကိုဖြေ၍ ဆိပ်ကမ်းမှ ရွှက်လွင့်ရပေဦးမည်။ ကုန်သည်လေကြောင်းအတိုင်း ရွှက်လွင့်ပြီး စူးစမ်းရပေဦးမည်။
အိပ်မက် မက်ရပေဦးမည်။
ထိုအိပ်မက်ကို အကောင်အထည်ဖော်ရပေဦးမည် ။
(တင့်ထူးရွှေ)
ကြည်း-၄၀၀၄၂၊ ဗိုလ်ကြီး ထက်အောင်လင်း
(ယခုဆောင်းပါးအား ၂၀၀၆၊ သြဂုတ်လ၊စစ်တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်းတွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

သမိုင်းသစ္စာ (၄၇)
စွမ်းအားပြည့်လွန် "လေးဆယ့်ခွန်"ဟု
အားသွန်ပျိုမြစ် ပြည့်သားချစ်တို့
နှစ်မြုပ်သည့်ဇွှဲ မလဲသည့်မာန်
ရဲစိတ်လျှံကိုး စိတ်ဝယ်ပျိုး၍
လွန့်နိုးတက်ကြွ ၀ီရိယဖြင့်
လုံ့လစိုက်ထူ ဥာဏ်ရည်ကူပြီး
တူညီလက်တွဲ ခိုင်မြဲစွာလေ...
ရှိကာနေကြ...
နေ့ရှည်ရက်ညောင်း နှစ်တို့ပြောင်းလည်း
ရင်ထဲဖြစ်တည် ချစ်ကြည်တေးသွား
ရစ်ပတ်ထားမြဲ နှောင်ဖွဲ့ဆဲလေ...
ငဲ့ကွက်ဂရုဏာ မေတ္တာတရား
ကိုယ်စီပွားကာ မမေ့ပါပြီ
ချည်နှောင်ချစ်ကြင် သံယောဇဉ်တို့
အစဉ်အမြဲ ယှဉ်ဒွန်တွဲ၍
စွဲမြဲခိုင်မာ တည်နေပါ၏
ငါတို့ချစ်သော သူငယ်ချင်းတွေ....။
စိတ်ထားမြတ်မွန် "လေးဆယ့်ခွန်"လေ
နှင်းကျွံတဲ့နွေ ပုရစ်ဝေလည်း
လှပနေမြဲ လှနေဆဲသို့
မချို့ဝမ်းတွင်း စိတ်ရင်းဖြူစင်
သံယောဇဉ်ကြိုး အစဉ်တိုးခွေ့
ရင်ထဲပြည့်နေ...
တို့ပျော်မွေ့ရာ ကျောင်းတော်သာမှာ
ညီညာသွေးရင် သားချင်းအသိ
အမြဲရှိခဲ့ ကြည့်လှည့်ပါလေ...
အသိတရား လက်ကိုင်ထား၍
များလှသောင်းသောင်း ညီဗိုလ်လောင်းများ
အမှားကိုရှောင် အမှန်ဆောင်ရန်
ပြောင်မြောက်ဂုဏ်ရည် မတ်မတ်တည်ရန်
ပီသရွယ်ရည် မြင်ကြည်လင်ရန်
ချစ်ကြည်သွေးစည်း အနေနီးရန်
တားဆီးအန္တရာယ် ပေါင်းကာကွယ်ရန်
မဖယ်မသွေ တို့အခြေကို
သန္ဓေတည်မှန် အဖိုးတန်ဖို့
ရုန်းကန်လှုပ်ရှား ရှေ့ဆောင်သွားခဲ့
မငဲ့ကိုယ်စိတ် အံကိုကြိတ်၍
အားခဲလေ့ကျင့် ကျောင်းဂုဏ်မြှင့်ရန်
အနစ်နာခံ ပင်ပန်းခံကာ
အမှန်စေတနာ ပြခဲ့ပါသည်
ယုံကြည်လေးမြတ် မှတ်သားအပ်လော့
ငါတို့ချစ်သော ညီငယ်တွေ...
သမိုင်းသစ္စာ တည်ပါစေ...။
ညိမ်းညို
အားသွန်ပျိုမြစ် ပြည့်သားချစ်တို့
နှစ်မြုပ်သည့်ဇွှဲ မလဲသည့်မာန်
ရဲစိတ်လျှံကိုး စိတ်ဝယ်ပျိုး၍
လွန့်နိုးတက်ကြွ ၀ီရိယဖြင့်
လုံ့လစိုက်ထူ ဥာဏ်ရည်ကူပြီး
တူညီလက်တွဲ ခိုင်မြဲစွာလေ...
ရှိကာနေကြ...
နေ့ရှည်ရက်ညောင်း နှစ်တို့ပြောင်းလည်း
ရင်ထဲဖြစ်တည် ချစ်ကြည်တေးသွား
ရစ်ပတ်ထားမြဲ နှောင်ဖွဲ့ဆဲလေ...
ငဲ့ကွက်ဂရုဏာ မေတ္တာတရား
ကိုယ်စီပွားကာ မမေ့ပါပြီ
ချည်နှောင်ချစ်ကြင် သံယောဇဉ်တို့
အစဉ်အမြဲ ယှဉ်ဒွန်တွဲ၍
စွဲမြဲခိုင်မာ တည်နေပါ၏
ငါတို့ချစ်သော သူငယ်ချင်းတွေ....။
စိတ်ထားမြတ်မွန် "လေးဆယ့်ခွန်"လေ
နှင်းကျွံတဲ့နွေ ပုရစ်ဝေလည်း
လှပနေမြဲ လှနေဆဲသို့
မချို့ဝမ်းတွင်း စိတ်ရင်းဖြူစင်
သံယောဇဉ်ကြိုး အစဉ်တိုးခွေ့
ရင်ထဲပြည့်နေ...
တို့ပျော်မွေ့ရာ ကျောင်းတော်သာမှာ
ညီညာသွေးရင် သားချင်းအသိ
အမြဲရှိခဲ့ ကြည့်လှည့်ပါလေ...
အသိတရား လက်ကိုင်ထား၍
များလှသောင်းသောင်း ညီဗိုလ်လောင်းများ
အမှားကိုရှောင် အမှန်ဆောင်ရန်
ပြောင်မြောက်ဂုဏ်ရည် မတ်မတ်တည်ရန်
ပီသရွယ်ရည် မြင်ကြည်လင်ရန်
ချစ်ကြည်သွေးစည်း အနေနီးရန်
တားဆီးအန္တရာယ် ပေါင်းကာကွယ်ရန်
မဖယ်မသွေ တို့အခြေကို
သန္ဓေတည်မှန် အဖိုးတန်ဖို့
ရုန်းကန်လှုပ်ရှား ရှေ့ဆောင်သွားခဲ့
မငဲ့ကိုယ်စိတ် အံကိုကြိတ်၍
အားခဲလေ့ကျင့် ကျောင်းဂုဏ်မြှင့်ရန်
အနစ်နာခံ ပင်ပန်းခံကာ
အမှန်စေတနာ ပြခဲ့ပါသည်
ယုံကြည်လေးမြတ် မှတ်သားအပ်လော့
ငါတို့ချစ်သော ညီငယ်တွေ...
သမိုင်းသစ္စာ တည်ပါစေ...။
ညိမ်းညို
Subscribe to:
Posts (Atom)

Main Entrance to the DSA

Hostels for Cadets

ANawRaHtar Battalion

BaYintNaung Battalion

AungZaya Battalion

Main Entrance to the DSA

The Hill Where Cadets Live

Hostels for Cadets