Monday, August 8, 2011

၄၇ မှတ်တမ်း (၁)

စစ်တက္ကသိုလ် အမှတ်စဉ် (၄၇) ဗိုလ်လောင်းသင်တန်းကို ၂၀၀၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး (၃)နှစ်တိုင်တိုင် စစ်ပညာနှင့် စာပေသိပ္ပံပညာရပ်များကို သင်ကြားပို့ချကာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကျောင်းဆင်းပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ စစ်တက္ကသိုလ်သမိုင်းတွင် အမှတ်စဉ် (၄၇) သင်တန်းသည် အထူးခြားဆုံးနှင့် သင်တန်းသားအများဆုံး (ကျောင်းဆင်း အင်အား ၂၉၆၇ ဦး) အမှတ်စဉ် ဖြစ်ခဲ့ပါသည်။


ယခုအခါ ကျောင်းဆင်းခဲ့သည်မှာ (၇) နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ စစ်တက္ကသိုလ်မှ ကျောင်းဆင်းအမှတ်စဉ်များသည်ပင်လျှင် (၅၃)ခု မြောက်ခဲ့ပြီဖြစ်ပါသည်။ မိမိတို့အမှတ်စဉ်မှ ညီနောင်များသည်လည်း နေရာဒေသအသီးသီးတွင် စစ်ဘက်၊ နယ်ဘက်ဝန်ကြီးဌာနများ၌ ကျရာတာဝန်များကိုကျေပွန်စွာထမ်းဆောင် လျှက်ရှိကြ ပါသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် စစ်တက္ကသိုလ်အမှတ်စဉ်(၄၇) သင်တန်းဆင်း (၂) နှစ်ပြည့် နှစ်ပတ်လည် နေ့အထိမ်းအမှတ် ပြင်ဦးလွင်မြို့၊လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇိနမာန်အောင်ကျောက်တောင်စေတီတော်ကြီး မဟာရံတံတိုင်း (၁၃) ခန်း အတွက် အောင်စစ်သည် ဗိုလ်ကြီး မှဦးစီး သော စစ်တက္ကသိုလ်အမှတ်စဉ် (၄၇)သင်တန်း၊ ဘာသာစကားသင်တန်းအမှတ်စဉ်(၆) မှသင်တန်းသားများမှ အလှူတော်ငွေ (၆၇၀၀၀၀ - ခြောက်သိန်း ခုနှစ်သောင်းကျပ် တိတိ)၊ ဘိုးဘွားရိပ်သာအတွက် အလှူငွေ (၃၀၀၀၀၀ - ကျပ်ငွေ သုံးသိန်းတိတိ)၊ ပြင်ဦးလွင်မြို့ မျက်မမြင် ပရဟိတကျောင်းသို့ အလှူငွေ (၃၀၀၀၀၀ - ကျပ်ငွေ သုံးသိန်းတိတိ) ဖြင့် စုစုပေါင်း ကျပ်ငွေ (၁၂ သိန်း၊ ၇ သောင်း ) အားလှူဒါန်းခဲ့ပါသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ ကျောင်းဆင်း (၄)နှစ်ပြည့် ဗိုလ်ကြီးအဆင့်သို့ အဆင့် တိုးမြှင့်ပေးခြင်းခံရသောနေ့ အထိမ်းအမှတ် အနယ်နယ်အရပ်ရပ် တွင်တာဝန်ထမ်းဆောင်နေကြပါသော စစ်တက္ကသိုလ် အမှတ်စဉ်(၄၇) သင်တန်းမှ ပြင်ဦးလွင် မိုးကုတ်ရိပ်သာတွင် ကျောက်ဆင်းတုတော်တစ်ဆူ နှင့် ပြင်ဦးလွင် ဒိုးပင်ပရဟိတ ကျောင်း (၂)ထပ်ဆောင် ၁ခုဆောက်လုပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း တစ်ရာ ခန့်လှူဒါန်း နိုင်ခဲ့ကြပါ သည်။

6 comments:

  1. အမှတ်တရ (၄၇) သို့ .............

    ReplyDelete
  2. သူငယ်ချင်းတို့ရေ ခုချိန်ပြန်တွေးကြည့်ရင် အရမ်းလွမ်းစရာကောင်းတယ်ကွာ ငါတို့ရဲ့ DSA ၃နှစ်တာ ကျောင်းသားဘဝ

    ReplyDelete
  3. ခုတော့လည်း နေရာအသီးသီးမှာ တာဝန်ကိုစီ နဲ့ အခွင့်ရရင် ကျောင်းတော်ကြီးဆီကို တခေါက်လောက်ပြန်သွားကြည့်ချင်တယ်
    ဘုရင့်နောင်တပ်ရင်း
    တပ်ခွဲ(၂)
    တပ်စု(၂)
    အမှတ်စဉ် (၄၇)

    ReplyDelete
  4. ငါတို့ကျောင်းတော်ကြီးက တော်တော်လေး ခန်းနားနေပြီ

    ReplyDelete
  5. ၄၇ မှတ်တမ်း ( ၂ ) ကိုလည်း ရေးသားပေးပါဦး..
    အောင်ဇေယျတပ်ရင်း
    တပ်ခွဲ ( ၂ )
    တပ်စု ( ၅ ) မှ စိုးမင်းထွဋ်( ကြက်ဖကြီး )

    ReplyDelete
  6. ကျောင်း​တုန်း​က ဖြတ်​သန်း​ခဲ့​ရ​တဲ့​အချိန်​တွေ​ကို​သတိရ​မိ​တယ်...
    ဘု​ရင့်​နောင်​တပ်​ရင်း
    တပ်​ခွဲ(၉)က ကျော်​သူ​ရ​ဆွေ​ပါ

    ReplyDelete